စက်ပြင်း ရဲ့ စက်ပြင်း


စက်ပြင်း ရဲ့ စက်ပြင်း
ကုမာရ စက်ပြင်း : ဆရာ့ရဲ့ ဒီ Blog တင်ဖြစ်တဲ့ အကြောင်း ကို ပြောပြ ပေးပါ ။
ကုမာရ စက်ပြင်း : ကျွန်တော်တို့ ဒီကနေ့ ခေတ်မှာ ကျွန်တော် ပြောချင်တဲ့ အကြောင်းရာကို သူငယ်ချင်းတွေနဲ့ မျက်နှာခြင်းဆိုင် ပြောဖို့ရန် အခွင့်ရေးက အင်မတန်မှ နည်းသွားပြီ ၊ နေ့စဉ် တွေ့နေရတာ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ ။ ငယ်သူငယ်ချင်း ၊ ကျောင်းနေဖက် သူငယ်ချင်း တွေနဲ့ Virtual Society ပေါ်မှာပဲ ဆုံဖြစ်တော့တယ် ။ ဒီတော့ ကျွန်တော် ပြောခြင်တာတွေကို သူငယ်ချင်းတွေ အချိန်ရတဲ့အခါ ဖတ်နိုင်အောင်  ဒီ Blog ရေး ဖြစ်သွားတာပါ ။
ကုမာရ စက်ပြင်း : ဆရာ့ Blog ကို လေညင်း ပင်လယ် လို့ အမည်ပေးရတဲ့ အကြောင်းကို ရှင်းပြပေးပါ ။
ကုမာရ စက်ပြင်း : ကျွန်တော်က ပင်လယ် ကိုမှိပြီး အသက်မွေးတဲ့လူတစ်ယောက် ပါ ၊ ပင်လယ် ကနေ ကျွန်တော်တို့ လူသား တွေအတွက် မရေတွက်နိုင် အဖိုးမဖြတ်နိုင် တဲ့ သယံဇာတ တွေ အမြဲ ပေးတယ် အဲဒါကြောင့် ပင်လယ်ကို ကျွန်တော် ချစ်တယ်။  ပင်လယ် မှာ လှိုင်းလေထန်တဲ့ အချိန်ဆို အင်မတန် ကြောက်စရာ ကောင်းပေမယ့် လေပြေ လေညင်း တိုက်တဲ့ အချိန်ဆို အင်မတန်မှ သာယာ လှပ တယ် ။ ပင်လယ်ထဲမှာ ကြမ်းတမ်းတဲ့ အချိန်တွေ ကျွန်တော် ဖြတ်သန်းရတိုင်းမှာ လေညင်းလေး ကို တမ်းတမိတယ်။ ကျွန်တော် စာရေးဖြစ်တဲ့ အချိန်အများစုက ပင်လယ်ထဲမှာ ကျွန်တော် ရှိနေတဲ့ အချိန်တွေပါ။ ပင်လယ်က လာတဲ့ လေညင်း က ပင်ပန်းနွမ်းနယ်မှုကို ပြေစေတယ် ၊ “ပင်လယ်ရဲ့ ရနံ့ ကို လေညင်း လေးက သယ်ဆောင်ပေးသလို” ကျွန်တော် ပြောပြ ခြင်တဲ့ အကြောင်းရာတွေကို ဒီ Blog လေးက သယ်ဆောင်ပေး မယ် ၊ ဒါကြောင့် လေညင်း ပင်လယ် လို့ အမည်ပေးခဲ့တာပါ။
ကုမာရ စက်ပြင်း : ဆရာ့ရဲ့ ကလောင် အမည် နဲ့ ပတ်သက်ပြီး ရှင်းပြလို့ ရမလား ဆရာ။
ကုမာရ စက်ပြင်း : ကျွန်တော့် Blog မှာ စရေးတော့ သူငယ်ချင်းတွေကို ရည်ရွယ်ပြီး ရေးတာဆိုတော့ ကလောင်အမည် မပေးပဲ ကျွန်တော့ အမည်ရင်းနဲ့ပဲ ရေးခဲ့တယ်။ ကျွန်တော့မှာ ပြောခြင်တဲ့ အကြောင်းအရာနဲ့ ပြောပြခြင်တဲ့လူ များလာတော့ ကလောင် အမည်ပေးရန် ဖြစ်လာတယ် ၊ ဘာ အမည်ပေးမလဲ……
ကျွန်တော့ အသက်မွေးဝမ်းကြောင်းက စက်ပြင်တဲ့ သူ ၊ အဲဒါကြောင့် စက်ပြင်း ၊ ပြီးတော့ မိဘကျေးဇူး အထူး သိတတ်တဲ့ ရာဇ ကုမာရ ကို သဘောကျလို့ ကုမာရ ဆိုတဲ့ အမည်ကိုယူ ပြီး ကုမာရ စက်ပြင်း ဆိုတဲ့ အမည်ကို ပေးဖြစ်တာပါ။
ကုမာရ စက်ပြင်း : စာရေးခြင်းအပြင် အနုပညာနဲ့ ပတ်သက်ပြီး တခြား ဘာများ လုပ်ရန် ရှိပါသလဲ ဆရာ။
ကုမာရ စက်ပြင်း : အင်း ဒီ မေးခွန်းက မျက်နာသစ် model girl နဲ့ model boy လေးတွေကို မေးလေ့ရှိတဲ့ မေးခွန်းပဲ ၊ ကျွန်တော် လေယာဉ်ပျံပေါ်ကနေ free fall ခုန်ချပြီး လေထီး မပွင့်ခင် အချိန်မှာ guitar နဲ့ metal solo တပုဒ်လောက် တီးပြီး live show  ရိုက်ပြီး TV ကနေ တကမ္ဘာလုံးကို တိုက်ရိုက် လွှင့်ရန် အတွက် စီစဉ်နေပါတယ်။ backing နဲ့ bass တီးပေးမယ့် သူတွေကို ရှာနေပါတယ်။
ကုမာရ စက်ပြင်း : ဆရာ နောက်ထပ် ဘာများ ပြောခြင်ပါသလဲ။
ကုမာရ စက်ပြင်း : ဟုတ်ကဲ့ အချိန်ပေးပြီး ဖတ်တဲ့ သူငယ်ချင်းတွေရဲ့ အချိန်တွေကို နှမြောလို့ မဆုံး ပါဘူး ။

ကုမာရ စက်ပြင်း
အမည်ရင်း                ကျော်မင်းမင်း
အဖမည်                  ဦးဘရီ
မွေးသက္ကရာဇ်            ၀၃ ၊ ၀၉ ၊ ၁၉၇၃
အလုပ်ကိုင်               M.O.T Second Class Engineer.
ဆက်သွယ်ရန်            kiloxyrus@gmail.com

No comments:

Post a Comment