Tuesday, November 22, 2011

YIT မှာ ဂေါက်ခဲ့ ဖူးသည်



ကျွန်တော်တို့ YIT စတက်တော့ စာသင်ချိန်မှာ စက္ကူမြှား လေးတွေ နဲ့ ကောင်မလေးတွေရဲ့ ဆံနွယ်တွေကြား ထိုးစိုက် ခဲ့ ကြ ဖူးတယ်။ ကျောင်မှာ မိန်းကလေးက လူနည်းစု ဆိုတော့ အတန်းရဲ့ ရှေ့ဆုံး အတန်း နှစ်တန်းမှာ ပဲ ထိုင်လေ့ ရှိကြတယ်၊ မြှားအပစ်ခံရတဲ့ မိန်းကလေးတွေ လဲ အပစ်ခံရတာ သူတို့အတွက် ရိုးနေတော့ ဘယ်သူ ပစ်သလဲလို့ လှည့်မကြည့်ကြတော့ ကျွန်တော်တို့အတွက် ပစ်ကွင်းကောင်းပေါ့။
အချို့သော မိန်းကလေးတွေဆို တပြိုင်ထဲ မြှားလေးငါး စင်း ခေါင်းမှာ လာစိုက်တာ ခံရတယ်၊ ကျွန်တော်တို့ တိုင်ပင်ပြီး ပစ်တာ မဟုတ်ပဲနဲ့ ဖြစ်သွားတာပါ။
          အတန်းဖော် မိန်းကလေးတွေကို ကြည်စယ်လိုတဲ့ သဘောနဲ့ ပစ်ကြတာပါ၊ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ ရေးသလို ကျွန်တော်တို့ရဲ့ စက္ကူမြှား တွေမှာ ဘာချစ်ခြင်းမှ မပါ ပါဘူး။
          ဆံပင်အုံ ကောင်းတဲ့ ရုပ်ချောတဲ့ မိန်းကလေး တွေ ဆို စက္ကူမြှား ဒဏ်ကို အခံရဆုံးပေါ့။  
          အဲလိုနဲ့ ပထမနှစ်ကို Lecture တွေကြိုးစားမှတ် စက္ကူမြှားလေးတွေပစ် Eco, Rc2 သွားလည် နဲ့  ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး ဒုတိယ နှစ်ကို ရောက်လာကြတယ်၊
ဒုတိယနှစ်မှာ ကျွန်တော့တို့ ကျောင်းသူ/သား တွေ စာကို အစွမ်းကုန် ကြီုးစားကြပါတယ်၊ ဒုတိယနှစ် စာမေးပွဲ ရမှတ်နဲ့ ကျွန်တော်တို့ လိုခြင်တဲ့ အထူးပြု Engineer ဘာသာရပ် ကို ရွေးရမှာမို့ပါ၊ လူတိုင်းလူတိုင်း ရည်ရွယ်ချက် ကိုယ်ဆီနဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း အကုန်ထုတ် သုံးကြတယ်။
တချို့ သော ကျောင်းသား/သူ တွေ စာတွေ ကျက်မှတ်ရ လွန်းလို့ ဂေါက် သွား (ရူးသွား) ကြတယ်။ ဘယ်သူတော့ ဂေါက် သွားလို့ ဆိုတဲ့သ သတင်း က ဒုတိယနှစ် ကျောင်းသူ/သား တွေ နေ့တိုင်း ပြောဖြစ်တဲ့ သတင်းပါ။
ဒါပေမယ့် စက္ကူမြှား ပစ်တဲ့ အကြင့်ကတော့ ပျောက်မသွားပါ ၊ နည်းတော့ နည်းသွားတာပေါ့။
ဒုတိယနှစ်ကျောင်းသား ကျွန်တော် သူများတွေ နည်းတူ အစွမ်းကုန် ကြိုးစား ရတာ ခေါင်းတွေပူ ရင်တွေပူ ပေါ့ ၊ သူများတွေလို လိုချင်တဲ့ ဘာသာရပ် မရမှာ ပူ၊ လူတိုင်းနီးပါး ကျွန်တော့်လို ပဲလို့ ထင်ပါတယ်။
တစ်နေ့ သင်္ချာ အချိန်မှာ ဆရာမ က စေတနာ အပြည့်နဲ့ သင်ပေးနေတယ် ၊ တစ်တန်းလုံးက အာရုံစိုက်လို့ အပ်ကျသံ ကြားရလောက်အောာင် တိတ်ဆိတ်နေတယ်၊ ခက်တာက ဆရာမ သင်တာကို ကျွန်တော် မလိုက်နိုင်ဘူး။
အဲဒီတော့ ကျွန်တော် ဘာလုပ်သလဲ ဆို ဗလာစာရွက် တစ်ရွက် ကို သေးသေးလေး ဖြစ်အောင် စိမ်ပြည်နပြည် ဖြဲ ပြီး စက္ကူမြှား ကို အသေအချာ ထိုင်လုပ်တယ် ၊ စာသင်စားပွဲပေါ်မှာ တင်ပြီးတော့ကို လုပ်တာ။
မြှားလုပ်ပြီးတော့ ဘယ်သူ့ကို ပစ်ရင်ကောင်းမလဲ ဆိုပြီး ဆံပင်ကောင်းတဲ့ ကောင်မလေးကိုရှာတယ် ၊ လက်က မြှားကိုလေထဲမှာ  ကိုင်ထားရင်းနဲ့ ပေါ့။ ပစ်ရမယ့် ဆံပင်လည်းတွေ့ရော အသေချာချိန် မြှားကို ရှေ့တိုး နောက်ဆုတ်လုပ် အားယူ ပြီး ပစ်လိုက်တယ် ၊ ပစ်မှတ်ကို ထိသွားတော့ ၀မ်းသာအားရ နဲ့ ပြုံးလို့ပေါ့။ အဲဒီ အချိန်တုန်းက ပတ်ဝန်းကျင်နဲ့ စာသင်နေတဲ့ ဆရာမကို လုံးဝ (လုံးဝ) ကို သတိမထားမိဘူး။
ကျွန်တော်တို့ စာသင်ရတဲ့  Lecture အခန်းက စာသင်ခုံတွေက ရှေ့ဆုံးကနေ အနောက်ကို တစ်ဆင့်ချင်း မြင့်တက်သွားတဲ့ Theatre အခန်းတွေပါ ၊ ကျွန်တော် ပြောချင်တာက ဆရာ တွေ စာသင်တဲ့အခါ ကျောင်းသူ/သား တွေအားလုံး ဘာတွေ လုပ်နေလဲဆိုတာ ကို အထင်ရှား မြင်ရတာ ပေါ့။
ကျွန်တော်ထိုင်တာက ရှေ့ဆုံးကနေ လေးတန်းမြောက် ဆိုတော့ ကျွန်တော် စာရွက် စ ဖြဲတဲ့ အချိန်ထဲက ဆရာမက ကျွန်တော် လုပ်နေတာကို အစဆုံးကြည့် နေရင်း စာသင် နေတာ။
ကျွန်တော် လည်း ကိုယ့်ဘာ ကိုယ် ဘာ လုပ်နေမှန်း မသိ ၊ စိတ်နဲ့ ကိုယ် မကပ် ၊ မြှား ပစ်လိုက်ပြီး ဆရာမ ပြောတော့ မှ အသိပြန်ဝင်ပြီး ရှက်လိုက်တာ။
အဲဒီအချိန်က စာမရလို့ ကျွန်တော် တဒင်္က ဂေါက် သွား တာ ပဲဖြစ်ရမယ်။
                                                                                           ကျော်မင်းမင်း
                                                                                           ၂၂.၁၁.၂၀၁၁       
                                                                                           ၁၉:၀၆ နာရီ
                                                                                           ၂၂.၄ .C
                                                                                           ၆၈.၂ Kg.