Wednesday, June 22, 2011

Lost In Translation

Lost In Translation
ကျွန်တော်ကြိုက်တဲ့စာပေအမျိုးစားထဲမှာ Modern လို့ခေါ်တဲ့စာပေပါတယ်၊ Post Modern လို့ခေါ်တဲ့ “Modern အလွန်” ကို အလွန် ကြိုက်မိတယ်။
ပညာရေးနဲ့ပတ်သက်ရင် “Post Graduate” ဆိုတာကို အလွန်သဘောကျတယ်။
 (“Post Mortem” ကိုတော့မကြိုက်ပါ)
စာရေးရင်လဲ “Post Script” (PS) ကျွန်တော့စာအောက်ခြေမှာ အမြဲပါလေ့ရှိတယ်။
အချိန်နဲ့ပတ်သတ်ပြီး “Post Meridiem” (PM) ဆိုတာနဲ့ ရင်းနှီးခဲ့တယ်။
တနေ့ TV အစီစဉ်ဇယား ကနေ “Postman”  ဆိုတဲ့ ဇတ်ကား ကြေငြာတာတွေ့တယ်၊ အဲဒီရုပ်ရှင်ကားကို  ကျွန်တော်စိတ်ဝင်စားသွားတယ်။ “Super Man, Bat Man, Spider Man, X-Man” ဇတ်လမ်းတွေ နံမည်ကြီးနေတော့
”Post Man”  ကိုကျွန်တော်ဘာသာပြန်မိတာ သဘာဝထက် သာလွန်တဲ့လူ ပေါ့ ဆီလျော်ပါတယ်နော်……
“Post Man” ဆိုတာဘယ်လိုဇတ်လိုက်လဲပေါ့၊ Super Man, Bat Man, Spider Man, X-Man တွေထက်သာအောင် ဘယ်လိုသရုပ်ဆောင်မလဲပေါ့။
          အဲဒါနဲ့ အဲဒီဇတ်ကားကိုစောင့်ကြည့်မိတယ်၊ အားလားမား “Postman”  ဆိုတာ စာပို့သမား ဗျ။
ကျော်မင်းမင်း

1 comment:

  1. မင်းရေးတာတွေ ကောင်းတယ်သူငယ်ချင်း။ ဆက်ရေးပါ။ ငါလင့်ချိတ်ထားလိုက်မယ်။ နည်းနည်း ကြိုးစားပြီး အချိန်လုရေးပေါ့ကွာ။

    ReplyDelete