Wednesday, October 26, 2011

YIT အမှတ်တရ


ကျွန်တော်တို့ YIT စတက်တော့ ပထမနှစ်မှာ “ဘော..ဘဲ” ဆိုတဲ့ စကားလုံးက တော်တော်လေးကို ရေပန်းစားတယ်၊ ပထမတော့ ဆဲတဲ့ စကားလုံးပါ၊ နောက်တော့ ခင်မင်ရင်းနှီးစွာပြောတဲ့ “အာလုတ်စကား” လေးတစ်ခု ဖြစ်လာတယ်။
စကားတစ်ခုခု ပြောရင် “ဘော..ဘဲ” ဆိုတဲ့ စကားလုံးက အမြဲပါတယ်။ “ဘော..ဘဲ” ပြောလို့ ဘယ်သူကမှ စိတ်ဆိုးစရာလို့ မထင်ကြပါဘူး။
သူငယ်ချင်း တွေ လမ်းမှာတွေ့လို့ နှတ်ဆက်ရင်တောင် “ဟေ့ကောင် ဘော..ဘဲ” လို့ နှတ်ဆက်တာ သူငယ်ချင်းတွေရဲ့ ထုံးစံလို ဖြစ်နေတယ်။
အချို့ကောင်မလေးတွေတောင် ယောင်ပြီးတော့ “ဘော..ဘဲ” လို့ ပြောတာ ကြားခဲ့ဘူးတယ်။
အမှတ်တရလေး တစ်ခုအနေနဲ့ ပြန်ရေးလိုက်တာပါ ၊
သူငယ်ချင်းတို့ရေ ……………. “ဘော…ဘဲ”
                                                                                        ကျော်မင်းမင်း

1 comment:

  1. ဟုတ်တယ်ကွ။ ငါတို့အုပ်စုမှာတောင် အဲဒီစကားအမြဲပြောဖြစ်သေးတယ်။ နောင်တစ်ချိန် တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဘောပဲလို့ နှုတ်ဆက်ကြေးဆိုပြီးတောင် ပြောထားတာ။ မတွေ့ရင်လည်း သတင်းစာထဲကနေ ဘောပဲလို့ထည့်လိုက်လို့။ ဒါဆိုငါတို့ချင်းဆိုတာ သိပြီလို့တောင် ပြောဖြစ်တာ။

    ReplyDelete